Aesop ပုံပြင်တွေထဲက ယုန်နဲ့လိပ်ပုံပြင်အား ဖတ်ရှုအပြီး လူ့လောက လူသဘာဝကိုထင်ဟပ်နေသောထိုပုံပြင်အား လွန်စွာသဘောကျနှစ်သက်မိသည် လူသားတို့ ဘဝတွင် အားသာချက် အားနည်းချက်ကိုယ်စီရှိတတ်ကြပေရာ တချိုသည် ဗုဒ္ဓအယူအဆအရ ရှေးအတိတ်ကံကြောင့်ဖြစ်လာသလို တချို့သည် ယခုဘဝတွင်မှ ကြုံတွေ့ခံစားရသော အဖြစ်အပျက်များဖြစ်သည် ယုန်သည် အပြေးမြန်ခြင်းတည်းဟူသောကောင်းသည့်အချက်ကိုပိုင်ဆိုင်ထားသော်ငြားလည်း လုံ့လ ဝီရိယ နည်းခြင်းဟူသော မကောင်းသည့် စိတ်ကို ပိုင်ဆိုင်လေသောအခါ မကောင်းသည့် စိတ်ဓာတ်က မူလ ကောင်းသည့် အရာကို အောင်နိုင်လေရာ ရှုံးခြင်းအဖြစ်သို့ရောက်ရလေသည်
လိပ်မူကား အသွားနှေးခြင်းဟူသော မကောင်းသည့် ဘဝပေး အဖြစ်ကိုပိုင်ဆိုင်ထားသော်လည်း ဇွဲလုံ့လရှိခြင်းတည်းဟူသော ကောင်းသည့်စိတ်က အနိုင်ရလေရာ ပြိုင်ပွဲတွင်အောင်ပန်းဆင်နိုင်ခဲ့လေသည်
No comments:
Post a Comment